နင်ငါ့ကိုလိမ်တယ်...

Monday, January 4, 2010

နင်ငါ့ကို ခဏခဏလိမ်တယ်...
ဇာတ်လမ်းတွေဆင်ပြီးလိမ်တယ်
ဆင်ခြေတွေအမျိုးမျိုးပေးပြီးလိမ်တယ်
တစ်ခါတစ်ခါဗြောင်လိမ်တယ်
တစ်ခါတစ်ခါ မတော်တဆဖြစ်ဟန်ဆောင်လိမ်တယ်
တစ်ခါတစ်ခါ ရူးသလိုကြောင်သလိုလိမ်တယ်
တစ်ခါတစ်ခါ မသိသလိုမတတ်သလိုလိမ်တယ်
နင်ငါ့ကိုလိမ်တယ်
နင်ငါ့ကို အမြဲလိမ်တယ်
နင်လိမ်ဆင်တွေငါမသိအောင်လို့
နင်ခဏခဏလိမ်ရတယ်
လူသိရှင်ကြားလိမ်တယ်
ခိုးကြောင်ခိုးဝှက်လိမ်တယ်
မိတ်ပျက်ဆွေပျက်အောင်လိမ်တယ်
ငါ့အပေါ်အားလုံးအထင်တွေလွဲအောင်လိမ်တယ်
ငါ့ကို ချောက်တွန်းပြီးလိမ်တယ်..
မျက်လုံးကို စေ့စေ့ကြည့်ရဲတဲ့ပုံစံနဲ့လိမ်တယ်
အသက်မပါသလိုလိမ်တယ်
မျက်ရည်လေးစမ်းစမ်းနဲ့ ကော်ဖီဆိုင်မှာထိုင်ရင်:လိမ်တယ်
အီးမေးစ်ပို့ပြီး လိမ်တယ်
ဖုန်းဆက်တောင်းပန်ပြီးလိမ်တယ်..
နင်ခဏခဏလိမ်တော့ နင်ကလိန်တွေထဲ နင်ချောင်ပိတ်မိတယ်..
ငါဘာမှမပြောတော့ နင်ဆက်လိမ်ပါ...
သံသရာနဲ့ ကံကြမ္မာတွေအဖြေထွက်လာတော့
နင်ဘယ်လိုဆက်လိမ်မလည်းဆိုတာ ငါစိတ်ဝင်စားလို့...!!!!


မိုးလှိုင်ည

Labels:

12 comments:

  1. Anonymous says:

    လိမ်ရင်းလိမ်ရင်းနဲ့ ရှင်းလို့ ကိုရတော့ဘူး...(Lover Star)

  2. မင်းလဲ ငါ့ကိုလိမ်တယ်....( နာလိုက်တာ )းP

  3. mirror says:

    မြွေတွေဆိုလဲ သားပေါက်ကာနီးဆို အဲ့လောက်နီးနီးကိုလိမ်တာတဲ့ :)
    အလကား အလကားနောက်တာ။လိမ် လိမ် လိမ်နဲ့..ဆိုတော့..သွားတွေးမိလိုက်လို့..

  4. ဟင့်အင်း..
    ငါတစ်ခါ့မှလိမ်ရပါဘူး
    ငါအဟုတ်ပြောလဲ လိမ်တယ်လို့နင်ထင်နေတယ်
    ငါအမှန်အတိုင်းပြောလဲ လိမ်တယ်လို့နင်ထင်နေတယ်
    ငါရိုးရိုးသားသားပြောလဲ လိမ်တယ်လို့နင်ထင်နေတယ်
    ..... .....
    ကြာတော့ နင်ယုံအောင် ငါလိမ်တတ်ခဲ့တယ်း)

    ဆောရီး.. ကဗျာလေး ကောင်းတယ်မိုးလှိုင်

  5. Anonymous says:

    နိုင်းနိုင်းကတော့ မလိမ်ဘူးပြောနေတာပဲ

  6. Lu says:

    လောကမှာ လိမ်တဲ့သူကနည်းပြီး
    အလိမ်ခံမယ့်သူကများပါတယ်

  7. mitoelay says:

    ကဗျာက ကောင်းပါတယ် ဒါပေမဲ့ ကဗျာဆရာ ကိုမိုးလှိုင်လည်း လိမ်တယ်။ အဲ့ဒီမှာ ရှိမယ်လို့ ပြောပြီး လိမ်တယ်။

  8. ဟုတ်တယ်..ကိုယ်အယုံကြည်ဆုံးလူ လိမ်တာ ခံရတာ ခံရအခက်ဆုံးဘဲ..။

  9. Anonymous says:

    ကျနော်ဒီကဗျာလေးကို တော်တော်ကြိုက်ပါသည်။ ကျနော် Blog လေးမှာ တင်ခွင့်ပြုပါခင်ဗျာ... ကျနော် Blog က http://www.kzarni.co.cc/ အဲဒါလေးပါဗျာ....

  10. Anonymous says:

    ကောင်းလိုက်တဲ.ကဗျာဗျာ။ ဟုတ်တယ် ကျွန်တော်လည်းအလိမ်ခံရတယ် ဒါပေမဲ. အလိမ်ခံရလွန်းလို. သူမလိမ်တော.မှာတောင်ကြောက်နေတယ်...း)

  11. Anonymous says:

    လိမ်ရင်တော့ ယုံအောင်လိမ်.. ငါသိတယ်နော်။

  12. Anonymous says:

    ဒီကဗျာလေးကို အရမ်းကြိုက်တယ်ကွာ............
    လောကကြီးထဲမှာလည်း အလိမ်တွေများနေသလိုဘဲ...
    ဘယ်မှာလည်း အမှန်တရား...........
    နင်ခဏခဏလိမ်တော့ နင်ကလိန်တွေထဲ
    နင်ချောင်ပိတ်မိတယ်......
    ဘာကြောင့်လိမ်တာလည်း???????????
    ကဗျာဆရာရော မလိမ်ဘူဘူးလား...........
    ဟား...ဟား......ဟား.......ဟား......
    လောကကြီးက