ရန်ကုန် သို့ တဖန် ..

Thursday, January 28, 2010

ရန်ကုန်ဟာ
ကိတ်မုန့်ပေါ် ဖယောင်းတိုင်စိုက်ထားသလို
မိုးမျှော်တိုက် ကျိုးတိုးကျဲတဲနဲ့
သူ့အလှကိုသူ ကပိုကယိုနဲ့ နေလို့ပေါ့
မေးနေကြ မေးခွန်းက ရေမီးအစုံနဲ့လားတဲ့
ဘာပြန်ဖြေမလဲရန်ကုန် ..
ခပ်တည်တည်နဲ့ အင်းလိုက်ရုံပေါ့
လိုက်မလားမေးတဲ့ ဘတ်စ်ကားဟာ
နိုင်ငံရပ်ခြားကထက် ဖော်ရွေတယ်
အကြော်ကြော်နေတဲ့ အဖွားအိုဟာ
နိုင်ငံရပ်ခြားက အမှိုက်ပုံးလိုက်ဖွနေတဲ့
အဖွားအိုထက် ပိုလှနေသလိုလို
မီးမမှန်လို့ .. ရေမမှန်လို့ ..
အင်တာနက်ကြီး လေးလံနှေးကွေးလို့ ..
ဒီလိုအကြောင်းပြချက်တွေနဲ့ေ

တာ့
ရန်ကုန်ရဲ့  အလှအပဟာ လျော့ကျမသွားပါဘူး
လေသံမိုးသံနဲ့ အတူ ငြိမ်းငြိမ်းသွားတတ်တဲ့
လျှပ်စစ်မီးချောင်းဟာ အေးချမ်းတိတ်ဆိတ်မှုကို ဖြစ်စေတယ်
မိုးကြီးလို့ ရေပါရင် လမ်းထိပ်မှာ ရေလျှံလိမ့်ဦးမယ်
ငါတို့ကလေးတုန်းက မြူးတူးပျော်ပါးဖူးတဲ့
အရပ်ဒေသ .. ရန်ကုန် ..
ဖုန်ထူထူခြင်ကိုက်ကိုက် ..
လူ့စရိုက် သဘာဝနဲ့အံကိုက် နေ့စဉ်ဘ၀ကို
မြို့ ရန်ကုန်က ပေးစွမ်းနေတုန်းပါပဲ
ခု ...
ရန်ကုန်သား ခပ်ကြွားကြွား ကျွန်တော် ..
ကျွန်းတစ်ကျွန်းပေါ်မှာ လူလိုလို ခိုင်းနွားတွေလိုလို
ဘ၀င်လေဟပ်တတ်သူတို့ရဲ့  အရပ်မှာ ..
ရန်ကုန်သူ ရန်ကုန်သားတွေ့သည်တိုင်
ခေါ်ဆိုဖို့နှုတ်ဆွံ့နေမိ ..
ရန်ကုန်ဟာ သွေးဆုံးနေတဲ့ မိန်းမတစ်ယောက်လို ..
သူတို့ရဲ့  အမြင်တွေကြားမှာ ..
ရန်ကုန်ကို မိခင်လို ခင်တွယ်သူ ကျွန်တော် ..
ခေါင်းမဖော်ဝံ့ပါဘူးကွယ် ..
အို .. ရန်ကုန်ရယ် ..
နေအတက်မှာ ရွှေခွက်နဲ့ အနာဂတ်ဆိုတာကို
ခပ်ယူပြလှည့်စမ်းပါ ..
သင် နှစ် ငါးဆယ် အကြောပေးခဲ့တဲ့
ငရဲလို အရပ်မျိုးကို ဖနောင့်ကန် ..
ငါ .. ပြန်ခဲ့မယ် ..
ခွေးတိုးပေါက်လို နေရာမျိုး ဖြစ်ပါစေ ..
ရန်ကုန်ရင်ခွင်ကို ပြန်တိုးဝင်ပါရစေ ..


ကိုဖြိုး

Labels:

13 comments:

  1. Sint says:

    Nice poem!

  2. naychi says:

    I like it.

  3. Anonymous says:

    ရေမီး အစုံ နဲ့ လား တဲ့ ...... အဲသည် မေးခွန်း လေး သဘောကျမိ တယ် .... မိုးလှိုင် ရေး တာ အောင့်မေ့ လို့ .... ဟုတ် တယ် ခွေးတိုးပေါက် က ဘဲ လာရ လာရ ရန်ကုန် ကို တော့ မကြာခဏ ပြန်လာ ချင် ရဲ့  ......

    mie nge

  4. ရန်ကုန်ကဗျာတွေက heart ထိတယ် ....

  5. Anonymous says:

    အ၇မ်းကြိုက်တယ်
    တကယ်ကိုခံစားချက်ထပ်တူပါပဲ
    အ၇မ်းကြိုက်လို့copy သွားတယ်......

  6. ခွေးတိုးပေါက်ကဝင်ပြီး..ခွေးလိုချီးမစားနိုင်လို့..
    ပြန်ထွက်လာခဲ့ရပေါင်းများလှပေါ့...
    ဝေးတသက်သက်...နီးတကျက်ကျက်တဲ့..
    တကျက်ကျက်ဖြစ်ရတဲ့ဒဏ်မခံနိုင်လို့..
    ပြန်ထွက်ခဲ့ရပေါင်းလဲများလှပေါ့...
    အပင်ကြီးပြီးအသီးသေးသတဲ့..အမြင်နီးပြီးခရီးဝေးသတဲ့
    အသီးသေးလို့ငါ့ဝမ်းပူဆာမနေသာလို့..
    ပြန်ထွက်ခဲ့ပေါင်းများလှပေါ့..
    ခရီးဝေးလို့ နှစ်၂၀ကြာလျှောက်ရတာလဲ..
    ခါးလှပေါ့

  7. mitoelay says:

    Really nice poem .. I like alot . Thanks Ko phyo and Ko moe hlaing :)

  8. Anonymous says:

    "ကျွန်းတစ်ကျွန်းပေါ်မှာ လူလိုလို ခိုင်းနွားတွေလိုလို
    ဘ၀င်လေဟပ်တတ်သူတို့ရဲ့  အရပ်မှာ"......မိုက်တယ်ဗျာ..
    (မလိမ္မာဘူး)...:D

  9. Anonymous says:

    ကောင်းလိုက်တဲ့ကဗျာ..အမှန်တရားတွေနဲ့ပြည့်နေတာဘဲ..
    ဘယ်လိုဘဲသွေးဆုံးနဲ့မိန်းမနဲ့တူတူ..
    ခွင့်ရတိုင်းပြန်သွားချင်တဲ့နေရာတစ်ခုပါဘဲ

  10. Anonymous says:

    ဗျို့ ဆြာကဗျာ... ပထမဦးဆုံး ဒီမှာ ရေးဖူးတာပါ။ commemt လို့ရေးဖို့အတွက် ကိုယ့်ကိုကိုယ် ဒီလောက်ထိ မတတ်လို့ မပြောရဲဘူး။ ကဗျာကိုကြိုက်တယ်ဗျာ...
    ဒါနဲ့... ရန်ကုန်မှာ ရေနံထွက်တယ်ဆိုပဲ....

    လေးစားစွာဖြင့်
    ကန

  11. ကဗျာလေး တအားကောင်းတယ်။ စဆုံးကောင်းတယ်။ ကြိုက်တယ်။
    " ခွေးတိုးပေါက်လိုနေရာမျိုးဖြစ်နေပါစေ။ ရန်ကုန်ရင်ခွင်ပြန်တိုးဝင်ပါရစေ "

  12. စင်္ကာပူ ကဗျာဆရာ ...
    ရန်ကုန်ကို လွမ်းနေတဲ့ ကဗျာဆရာ...
    လေးစားနှစ်သက်မိပါတယ်ခင်ဗျာ ... ။

  13. အိ says:

    တိုက်ဆိုင်မှုတွေနဲ့ပေါ့ အကို..
    ပျော်ရာမှာ မနေရ..တော်ရာမှာနေရ ဆိုတဲ့စကား ဘယ်သူထွင်ခဲ့လဲလို့ ..တွေးမိတိုင်း ရန်ထောင်မိချင်ရဲ့ (မှန်လွန်းလို့).. ဘာသယံဇာတမှ မရှိတဲ့ ဒီလိုကျွန်းမှာ အထင်သေးတဲ့အကြည့်တွေကြား ရှင်သန် နေရတိုင်း အင်းစိန်ထောင်ကိုသာ အပြေးသွားလိုက်ချင်ပါရဲ့ အကိုရယ်..