တစ်နေ့တာ

Friday, January 15, 2010

ကိုယ်နားမလည်တော့ သူပြောတဲ့အတိုင်း လိုက်ပြောဖို့ကြိုးစားကြည့်တယ်.. ဒါပေမယ့် အသံထွက်က မပီဘူး.. ခံစားချက်က မညီဘူး နားလည်မှုကသွေဖည်နေတယ်.. ဒါဆို ကဗျာဖြစ်တယ.် ...မဖြစ်ဘူးကိစ္စ... နားမထောင်ပဲ စကားတွေအများကြီးပြောနေချင်တာ.. စာတွေအများကြီးရေးနေချင်တာ နာမည်တွေအများကြီးကြီးနေချင်တာ.. လက်ခုပ်သံတွေအများကြီးရနေချင်တာ ...မနူးမနပ် မလည်မ၀ယ် မသိတသိ ခပ်တည်တည်နဲ့ ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထား.. ဂျာနယ်နဲ့မျက်နှာကိုကွယ်ထား.. ကော်ဖီခွက်မှောက်ကျတော့ကပြာကယာ စားပွဲကိုတစ်ရူးတွေနဲ့ကောက်သုတ်... မေးခွန်းတိုင်းကိုဖြေဖိုမလိုဘူး ကိုယ်သိသလိုတတ်သလို လုပ်ပြီးမှ... ချွေးစေးတွေပြန်လာတယ်... မနက်စောစော ငှက်ကလေးတွေအစာကျွေးရဦးမယ်...

Labels:

0 comments: