ငါ့နားထင်ကို ငါပစ်ချလိုက်တယ်
Tuesday, January 5, 2010
ငါ့ဆီမှာ ခြောက်လုံးပြူးတစ်လက်ရှိတယ်…။
အနုပညာတစ်တောင့်ထည့်
လွတ်လပ်မှု တစ်တောင့်ထည့်
ဒီမိုကရေစီ တစ်တောင့်ထည့်
ချစ်ခြင်းမေတ္တာတစ်တောင့်ထည့်
ဒုက္ခသစ္စာတစ်တောင့်ထည့်
ကိုယ်ချင်းစာတရားတစ်တောင့်ထည့်ပြီး
လိုက်ချိန်မိလိုက်တော့….
ဟူးးးးးးးး
ရန်သူတွေအများကြီး
အနုပညာတစ်တောင့်တည်းနဲ့
လုံခြုံရေးခလုတ်ကိုဖွင့်
မောင်းတံကိုမ
ငါ့နားထင် ငါပစ်ချလိုက်တယ်
ဝမ်းနည်းပါတယ်….
ကိုယ့်ကိုယ်ကို အနိုင်ယူလိုက်ရတာ စိတ်မကောင်းပါဘူး…။
မိုးလှိုင်ည
Labels: ကဗျာ


သိပ်ကြိုက်တယ်...ဒီကဗျာကို....
နင်သေမှ အေးမယ်....း)
ha ha.. gr8!!
ကိုယ့်ကိုယ်ကို တော့မပြစ်လိုက်ပါနဲ့ 
တားပါရစေ
တော်ကြာ ကဗျာအသစ် မဖတ်ရဘဲ နေမယ်
Really great Poem again Bro!
Like it too much...
Good idea...
ရွှီး ...ဖြောင်း....ဖြောင်း...ဖြောင်း..။
အားရပါးရဖတ်သွားတယ်...အကိုရေ
အရမ်းလည်းကြိုက်တယ်ကဗျာကို။
ဒါပေမယ့်ကျနော့်ကိုလည်းခြောက်လုံးပြူးလေး
ခဏဌားနော်။သူတို့ မဆင်းသေးရင်ကိုယ့်
ကိုယ်ကိုပဲအနိုင်ယူမလို့ ... :)
ကဗျာကိုအရမ်းကြိုက်တယ်အကို
ဒါပေမဲ့မသေသင့်တဲ့သူတော့မသေပါနဲ့
သေသင့်နေတဲ့သူတွေကိုသာ
ပစ်ပါ
ပစ်တာက... သေနတ်မောင်းမပြုတ်ဘူး မဟုတ်လား ဂျမ်းနေလို့လေ...း)
ဒီမနက် သတင်းစာခေါင်းကြီးပိုင်းမှာ သတင်းတစ်ပုဒ်ပါလာတယ်
ကဗျာဆရာတစ်ယောက် ကိုယ့်ကိုယ်သတ်သေသွားတယ်တဲ့
လက်စသတ်တော့ မိုးလှိုင်ညကို
အမျှ.. အမျှ.. အမျှ ပါ.. :D
ကဗျာဆရာဆိုတာ
ကဗျာဆရာပါပဲ
ဘာရေးရေး
ကဗျာဖြစ်တယ်
ဘယ်လိုရေးရေး
ကဗျာဖြစ်တယ်
ကိုယ့်ကိုယ်ကို သတ်သေတာတောင်
ကဗျာဆန်လို့......
တတောင့်တည်းပဲ အသုံးချလိုက်တာလား...ဗျာ...
သေသွားပြီပေါ့ ၀မ်းသာလိုက်တာ နောက်မဖတ်ရတော့ရင် ပိုဝမ်းသာတယ် ကောင်းလိုက်တာ
ကျန်၅ တောင့်ထဲက တတောင့်ငှားပါ...