ငါ့ ဆံပင်တွေရှည်နေပြီ

Tuesday, December 15, 2009

ငါ့ ဆံပင်တွေရှည်နေပြီ …
ငါ့ အတွေးစတွေကလည်းရှည်ရှည်လျားလျား
စာကိုတော့ ခပ်တိုတိုပဲ ငါရေးတတ်ချင်တော့တယ်…


ငါ့ အိမ်မက်တွေရှည်ရှည်လျားလျာ့း
ငါ ကတော့ ညတာတိုတိုတွေပဲလိုချင်တော့ တာ
မိုးလင်းလို့ မျက်နှာသစ်ရင်
ငါ ဘာလို့ အသက်ရှင်နေသေးတာလဲ ….?
မေးခွန်းက မရေရာပါ..(ထို့ ကြောင့် ဖြေဆိုရန်မလိုအပ်)


ကဗျာရှည်တွေဖတ်မိနေတယ်
ဝတ္ထုအရှည်ကြီးတွေဖတ်မိနေတယ်…
အခန်းဆက်ဘ၀တွေမှာ
အဓိပ္ပါယ်က မရှိခြင်းသက်သက်…..။


ငါ့ ဆံပင်တွေရှည်လာပြီ
ငါ့ မျှော်လင့် ချက်တွေရှည်လျားလာပြီ
ငါ့ အသက်ကိုတော့ ခပ်တိုတိုပဲနေချင်တော့ တယ်….။


ငါ့ခြေထောက်တွေ ရှည်လျားလာပြီ
ငါ့ခရီးလမ်းတွေ ပိုရှည်လျားလာပြီ
ငါကတော့ အတိုဆုံးလမ်းကိုပဲ ရွေးသွားချင်နေမိ…


ငါညှပ်ချလိုက်တဲ့ ဆံပင်တွေလို
ငါ့မာန…
ငါ့ အတ္တတွေ အထွေးလိုက် ပြုတ်ကျသွားတဲ့နေ့


ငါ ….
သံသရာ….

ရှည်မနေချင်တော့…



မိုးလှိုင်ည

Labels:

15 comments:

  1. လိုရင်းလည်းကောင်း၏ အစ်ကိုရေ
    မြွေတစ်ကောင်လိုကြာလေရှည်လေ ဘ၀သံသရာတွေပါပဲဗျာ...
    ZaunG

  2. ဘ၀တွေ ထွေးပြားမှုတွေက
    အထွန့်ထွန့်အလူးလူး
    မူးမူးနဲ့ အိမ်ပြန်သလို
    ကိုယ့်ဘ၀ကို ထမ်းပိုးထားရ
    တော်ပြီဗျာ
    ဘ၀ကို အဆုံးသတ်ဖို့ အတော်ခက်တယ်
    ခက်တဲ့ အဆုံးကို လိုချင်လို့
    အခု မူးနေတယ်
    မူးရင်း မူးရင်း
    ကဗျာတွေနဲ့ ဘ၀ကို ဖြေသိမ့်ခဲ့တယ်

  3. ကဗျာကအတွေးတွေ အများကြီးပေးသွားတယ်ဗျာ။
    အသက်တော့ လက်လွတ်စပယ်မလုပ်ပါနဲ့ ... ကဗျာတွေ အများကြီးရေးပြီး အကျိုးပြုပါဦးဗျာ။

  4. ဒီကဗျာကို (စာပိုဒ်တချို့) ရင်းနှီးနေသလို ဖတ်ဖူးနေသလိုပဲ
    ဘယ်နားမှာ မှန်းလဲ တော့ မသိဘူး
    ရင်းရင်းနှီးနှီး ကြီး

    အတွေးတွေ အများကြီးပေးတဲ့ ကဗျာ ပါ ပဲ

  5. ငါညှပ်ချလိုက်တဲ့ ဆံပင်တွေလို
    ငါ့မာန…
    ငါ့ အတ္တတွေ အထွေးလိုက် ပြုတ်ကျသွားတဲ့နေ့
    ငါ ….
    သံသရာ….
    ရှည်မနေချင်တော့…

    ဘ၀သံသရာတစ်ကွေ့မှာ အဆင်ပြေပျော်ရွှင်ပါစေဗျာ။

  6. PhyoPhyo says:

    ဆံပင်အရှည်ဆက်ထားပါဦး .. စာရှည်ရှည်ဆက်ရေးပါဦး :)

  7. တစ်နာရီလောက် ဦးနှောက်စားပြီးတဲ့ နောက်မတော့..
    ..း)
    တွေ့ပြီ...း)

    အဝေး ရောက်ပင်လယ်မှာ...း)

  8. မရှည်ချင်ပေမဲ့လည်း တိုအောင်တော့အတော်ကြိုးစားရဦး
    မှာ ကိုမိုးလှိုင်ညရေ။ ပုထုဇဉ်ကိုးဗျ။

  9. Craton says:

    ကဗျာဖတ်ပြီး စိတ်တောင်ပြုတ်ကျသွားသလိုပဲ

  10. ငါ့ ဆံပင်တွေရှည်လာပြီ
    ငါ့ မျှော်လင့် ချက်တွေရှည်လျားလာပြီ
    ငါ့ အသက်ကိုတော့ ခပ်တိုတိုပဲနေချင်တော့ တယ်….။

    အင်း မျှော်လင့်ချက်လည်း ဆွဲမဆန့်တော့ဘဲ
    အသက်ကို ခပ်တိုတိုလေးချုံ့လို့ရရင် ကောင်းသားဗျာ...

  11. sayar thitsarni ko nae nae mya lite par lar byar...
    khin min lay sar lyet so pee tot... hee :D

  12. Anonymous says:

    ဘောမွှေးတွေလည်း ရှည်လာပြီကွာ ။ လီးပဲ

  13. maylay says:

    ကိုမိုးလှိုင်ညရေ။ ငါ့ဆံပင်တွေ ရှည်နေပြီတဲ့လား။
    အိပ်မက်တော့မရှည်နဲ့ကွာ။ စာကိုတော့ရှည်ရှည်ရေးအုံးနော။ အခန်းဆက်ဘဝတွေမှာ အဓိပ္ပါယ်က မရှိခြင်းသက်သက် ဆိုရင် ငါ့ဆံပင်တွေ၊ အိပ်မက်တွေ ရှည်လာတာလည်း မရှိခြင်းသက်သက်ပါပဲ။ မာနတွေ အတ္တတွေ အထွေးလိုက်ပြုတ်ကျသွားတဲ့နေ့ ....... အဲဒါလည်း မရှိခြင်းပါပဲ။ ကိုမိုးလှိုင်ညရေ ... ဖတ်ပြီး ရေးချင်တာရေးသွားတယ်။ ကျန်းမာပျော်ရွှင်ပါစေနော်။

  14. su says:

    ငါ့ အိမ်မက်တွေရှည်ရှည်လျားလျာ့း
    ငါ ကတော့ ညတာတိုတိုတွေပဲလိုချင်တော့ တာ
    မိုးလင်းလို့ မျက်နှာသစ်ရင်
    ငါ ဘာလို့ အသက်ရှင်နေသေးတာလဲ ….?
    မေးခွန်းက မရေရာပါ..(ထို့ ကြောင့် ဖြေဆိုရန်မလိုအပ်)

    အဲ့စာသားလေးမိုက်တယ်

  15. su says:

    ငါ့ အိမ်မက်တွေရှည်ရှည်လျားလျာ့း
    ငါ ကတော့ ညတာတိုတိုတွေပဲလိုချင်တော့ တာ
    မိုးလင်းလို့ မျက်နှာသစ်ရင်
    ငါ ဘာလို့ အသက်ရှင်နေသေးတာလဲ ….?
    မေးခွန်းက မရေရာပါ..(ထို့ ကြောင့် ဖြေဆိုရန်မလိုအပ်)

    အဲ့စာသားလေးမိုက်တယ်