Sunday, November 29, 2009

ဆာလ်ဝင်စတန်ချာချီ…

မစ္စတာချာချီ

ဒုတိယ ကမ္ဘာစစ်အပြီးမှာ

ခင်ဗျား ဒေါင်းနင်းလမ်းကို ကျောခိုင်းသွာခဲ့ပေမယ့်

ကျွန်တော် တို့ ခင်ဗျားကို မမေ့သေးဘူး..

ခင်ဗျားမပါပဲ ဖက်ဆစ်စနစ်တွေကို

ကျွန်တော်တို့ တွန်းလှန်လို့ မဖြစ်နိုင်ဘူးဆိုတာ

ယုံကြည်ခဲ့တယ်

တိုင်းပြည်အတွက် အသက်သွေးချွှေးမျက်ရည်လုပ်အား

ပြီးတော့ ကမ္ဘာကြီး အတွက်အမိုက်အမဲဆုံးစစ်ပွဲတစ်ပွဲကို

အဆုံးသတ်ပေးခဲ့တယ်

မစ္စတာချာချီ

ခင်ဗျားက ကလေးဘ၀ကတည်းက ရဲတိုက်ပေါ်မှာကြီးပြင်းခဲ့တယ်

ပြီးတော့ရေတပ်ဗိုလ်..

အင်္ဂလန်ကျွန်းပေါ်က အရှုံးနိမ့်ခံရဆုံး နိုင်ငံရေးသမား

ပါတီပြောင်းတယ် နောက်ပြီး ပါတီထပ်ပြောင်းတယ်

ခင်ဗျားယုံကြည်ချက် အမှန်တရား

ဥရောပရဲ့ လုံခြုံရေးကင်းမဲ့နေတဲ့ မိုက်မဲမှုကို ခင်ဗျား

ကမ္ဘာစစ်မဖြစ်ခင်ကတည်းက မီးမောင်းထိုးပြတယ်..

နောက်ဆုံးတော့

လက်သီးဆုပ်စာ အင်္ဂလန်ကျွန်းလေးကိုကာကွယ်ဖို့

ကမ္ဘာကြီးကို ဖက်ဆစ် စစ်ဘီလူးတွေ ရန်ကကာကွယ်ဖို့

ခင်ဗျားဒေါင်းနင်းလန်းထဲ ၀င်ရောက်လာတယ် ..

အသက်သွေးချွှေး လုပ်အားမျက်ရည်

တစ်စွန်းတစ်စမကျန်ခင်ဗျားပေးခဲ့တယ်..

ဘန်ကာထဲက ဆေးပြင်းလိပ်ကြီးခဲ့ရင်း

နာဇီလေတပ်ကို ထွက်ထွက်ဆဲတတ်တယ်

ကမ္ဘာကြီးဟာ တစ်စည်းတစ်လုံးတည်းဖြစ်ရင်ကောင်းတယ်

အဲဒီလိုဖြစ်လိုဖို့ အားလုံးပျက်စီးရမယ်ဆိုရင်

တစ်ကွဲတစ်ပြားဆီဖြစ်နေရတာ ပိုကောင်းတယ်လို့ ခင်ဗျားပြောခဲ့တယ်

ဥရောပ အတွက် လွတ်လပ်ရေးနဲ့ အချုပ်အချာအာဏာကို

အတည်ပြုပေးခဲ့ပေမယ့် အင်္ဂလိပ်ကိုလိုနီတွေအတွက်တော့

ခင်ဗျားက နတ်ဆိုးတစ်ပါးလိုပဲ

မြန်မာပြည်ကို လွတ်လပ်ရေးပေးဖို့ ငြင်းဆိုခဲ့တယ်

မြန်မာပြည်ကို လွတ်လပ်ရေးပေးလိုက်ရင် အဲဒီတိုင်းပြည်လေးမှာ

သွေးချောင်းစီးကုန်လိမ့်မယ်လို့ အင်္ဂလိပ် ပါလီမန်မှာ ခင်ဗျားပြောခဲ့တယ်

အခုတော့ သမိုင်းက ခင်ဗျားအမြော်အမြင်တွေကို အတည်ပြုခဲ့ပြီးပြီ..

မစ္စတာချာချီ

မနက်ဖြန်မှာကျရောက်မယ့်

ခင်ဗျား မွေးနေ့အတွက် ဒီကဗျာကို အမှတ်တရရေးတယ်

ကမ္ဘာကြီးအတွက် တာဝန်ယူဆောင်ရွက်မှုအတွက် ကျေးဇူးပါ


မိုးလှိုင်ည

5 comments:

ဆြာယော said...

ဝီလိုဖစ်တာလဲ
ဖတ်မရဖူးဖြစ်နေတယ်။

htetyeethitsar said...

သမိုင်းကိုးဗျ...

Anonymous said...

OMG, you are the best poetic...
I read about him before and I like his political point of view. And I see what you mean about him... again you are the best poetic.. i ever known...
Ah Ngai

Kyaw Hnin Se Lwin said...

မိုးလှိုင်ရေ ကဗျာတွေခံစားသွားတယ်
ရင်ထဲမှာကျန်သွားတယ်

Anonymous said...

Dear Ko Moe,

Great poems..Cheers!!!!

Regds,