ဇာတ်လမ်းတင်ဆက်ပုံ…

Saturday, November 21, 2009

အတောင်ပံခတ်သံတွေနားစိုက်ထောင်တုန်း

ငါတို့တွေ မပျံသန်းလိုက်ရဘူး မဟုတ်လား..

လေဟာ မုန်တိုင်းလို့ အသွေးအသားကိုဖြတ်တိုက်သွားတယ်

ယုံကြည်ရဲစရာ မရှိပါဘူး… ဒါပေမယ့်တစ်ခုခုကိုယုံကြည်နေတုန်း

အရာရာ ဝေသီတဲ့ လမ်းတွေနဲ့…

ငါဘ၀ကို ဘယ်လို့ကွေ့ ရမလည်း

အိပ်မက်က ဘရိတ်ပေါက်ပြီး ချောက်ထဲကျသွာပြီ…

မနက်ဖြန်ဟာ နေ့ပြန်တိုးတွေရေတွက်နေတုန်းလား

လက်ထဲက ငွေစက္ကူလို ငါတို့တွန့်ကြေနေရတာကိုက

အရသာလား…



အရှိန်တွေလွန်သွားပြီ

အချိန်တွေလွန်သွားပြီ…

သွန်ပြစ်ရတော့မယ် ကော်ဖီအသိုးတွေလို့…

လူ့ဘ၀ကို အသေအချာနေထိုင်မှုနဲ့

အနည်ထိုင်သေချာမှုဟာ ငါတို့ခေတ်နဲ့မတော်ဘူးအင်္ကျီ

တစ်ယောက်ယောက်ခေါ်ရင် တစ်ယောက်ယောက်

ပြန်မထူးနိုင်တဲ့…

ဒီကနေ့ ဇာတ်လမ်းတင်ဆက်ပုံ …

မနက်ဖြန်ကို မယုံဖူး မဟုတ်လား…။




မိုးလှိုင်ည

Labels:

8 comments:

  1. ကောင်းလိုက်တဲ့ ကဗျာဗျာ။ အဆုံးသတ်သွားတာလေးကို သဘောကျပါတယ်။

  2. Anonymous says:

    မနက်ဖြန် ဆိုတာကြီးကို မစဉ်းစားချင်ဘူး...
    ယုံ ဖို့ဆိုတာတော့ ဝေး ရော...

    mie nge

  3. "လူ့ဘ၀ကို အသေအချာနေထိုင်မှုနဲ့
    အနည်ထိုင်သေချာမှုဟာ ငါတို့ခေတ်နဲ့မတော်ဘူးအင်္ကျီ"

    ဟုတ်တယ်အကိုရေ... ဒီစာကြောင်းလေးသဘောကျတယ်

    မနက်ဖြန်ကိုတော့ သံသယရှိတယ် :D

  4. ကိုမိုးလှိုင် တယ်လွတ်ကောင်းတဲ့ ကဗျာလေးပဲဗျာ

  5. မပျံသန်းလိုက်ရတာလည်း အခါခါ ပါပဲ..
    ဘဝကလည်း ကွေ့မရ ပြုမရ ဆိုတော့..
    မနက်ဖြန်ကိုလည်း မယုံရဲပါဘူး...

  6. SiThu says:

    မနက်ဖြန်ကိုမယုံပေမဲ့
    မနက်ဖြန်တွေနဲ့ကျွန်တော်တိုတွေဟာ
    ၇ှင်သန်နေကျတာပါ...
    ကျွန်တော်ဖတ်ဖူးတဲ့ကဗျာလေးထဲကအတိုင်းဆို
    ၇င်....မနက်ဖြန်ဆိုတာ...ချစ်သူကချစ်တယ်လို
    ပြောတာထက်...ပိုပြီးဆိုဆွတ်လွန်းပါတယ်..
    အကို၇ဲ့မနက်ဖြန်တွေ...သာယာလှပပါစေ..
    ကဝေေ၇အလည်လွန်သွားတဲ့...ညတွေကို
    ငါဆီဖမ်းလာခဲ့ပါ....ငါသူကို...
    နှုတ်ဆက်ချင်လို....
    ကဗျာဝသနာ၇ှင်...
    စည်သူဝင်းထွဋ်....

  7. mitoelay says:

    Ko moe Hlaing..,
    Your Poem is too nice :) ..

  8. Anonymous says:

    အရာရာ ဝေသီတဲ့ လမ်းတွေနဲ့…
    ငါဘဝကိုဘယ်လိုကွေ့ရမလည်း
    အိပ်မက်က ဘရိတ်ပေါက်ပြီး ချောက်ထဲကျသွားပြီ...
    မနက်ဖြန်ဟာ နေ့ပြန်တိုးတွေ ရေတွက်နေတုန်းလား
    လက်ထဲက ငွေစက္ကူလို ငါတို့တွန့်ကြေနေရတာကိုက
    အရသာလား…

    ကျမ အကြိုက်နှစ်သက်ဆုံး ကဗျာလေးတွေထဲက
    ကဗျားလေးဘဲ...
    အိပ်မက်တွေက တကယ်ကို ချောက်ထဲကျသွားပါပြီ...
    ဘရိတ်ပေါက်သွားတာလား...တခုခုဘဲ..
    မနက်ဖြန်လေးတွေလဲ တကယ်ကို တွန့်ကြေနေတယ်..
    အရသာ မဟုတ်ပေမဲ့ လက်ခံလိုက်ပြီ...
    ကောင်းလိုက်တာ...
    ရင်ထဲထိရောက်သွားတယ်...
    ကျေးဇူး ကဗျာဆရာရေ...
    လားရှိုးသူ