Thursday, November 5, 2009

ငါ့အတွက်က နင်ပြန်လာရင်ရပြီ…

လက်ဆောင်ပစ္စည်းအကောင်းစားတွေမလိုဘူး

အကောင်ဆုံးအ၀တ်အစားတွေမလိုဘူး

အကောင်စားဟမ်းဆက်တွေယူမလာပါနဲ့

ငါ့အတွက်က နင်ပြန်လာရင်ရပြီ


ကဗျာဆရာရယ် ရှင်ကိုသိပ်လွမ်းလိုက်တာ

နင်ပေးတဲ့ မက်ဆေ့ခ်လေးနဲ့

ငါရန်ကုန်မှာရေနစ်နေတယ်….


အကောင်းဆုံးအိပ်မက်တွေ

အကောင်းဆုံးအနာဂါတ်တွေနဲ့

ကမ္ဘာပါတ်မယ့် လေယာဉ်လက်မှတ်တွေလာမပေးနဲ့

ငါ့အတွက်နင်ပြန်လာရင်ရပြီ…


မိဘတွေအတွက်မကြောင့်မကြ

ငါတို့နှစ်ယောက်အတွက်မတောင့်မတ

အဲဒီစိတ်ကူးတွေ ဘယ်နှရာခိုင်နှုန်းလောက်များအောင်မြင်ခဲ့လည်း…

ထားပါ….

ငါ့အတွက်က နင်ပြန်လာရင်ရပြီ


ကျွန်မသိပ်အသက်ကြီးနေပြီ

အရင်လိုမလှတော့ဘူး

နောက်တစ်ယောက်ထပ်ရှာပါ

အဲဒီစကားတွေလာမပြောနဲ့

ငါ့အတွက်က နင်ပြန်လာရင်ရပြီ…


ငါ့အတွက်က နင်ပြန်လာရင်ရပြီ

ငါ့အတွက်က နင်ပြန်လာရင်ရပြီ

ငါ့ထပ်ပြောမယ်

ငါ့အတွက်က နင်ပြန်လာရင်ရပြီ

ငါ့တစ်ဘ၀လုံးအတွက် မင်းတစ်ယောက်ပဲလိုအပ်နေလို့…


မိုးလှိုင်ည

10 comments:

Angel Shaper said...

ကိုမိုးလှိုင်ရေ.......
အကို့အတွက် သူအမြန်ဆုံး ပြန်လာပါစေဗျာ။
သမီးကိုသာ အဲလို ပြောမဲ့သူရှိရင် သိပ်ကောင်းမှာပဲဗျာ...
ပျော်ရွှင်ပါစေ။

လင်းဒီပ said...

မိုက်တယ်ဗျာ...
ပြန်လာရင်တော်ပြီပေါ့..
အငဲရဲ့ “ရောင်ရဲစို့”သီချင်လေးလို..
ရုပ်ဝတ္ထုတို့ဆီ လိုက်ရင်းပြေးရင်း ဖိနပ်လည်း ပါးတော့မယ်...။

phoe thu taw said...

နင့်အတွက် ငါပြန်လာရင်ကော ရမလား..

သူတော် ( ၅.၁၁.၂၀၀၉)

သိင်္ဂါကျော် said...

ကဗျာလေးကို ဖတ်ရတာ နွေးထွေးသွားတယ်။
လိုတာ နင်တစ်ယောက်ပဲ တဲ့လား...။

ရွှေရတုမှတ်တမ်း said...

သိင်္ဂါရ ရသမြောက်ပါပေ့....
ကျွန်တော်ကလဲ...အထုပ်ကအရေးမကြီးပါဘူးလို့..
အရေးကြီးတဲ့......အဲ..နင်..နင်..ကအဓိကပါလို့..
ပြောထားရတယ်..း))

ခွန်သဒ္ဒါ said...

မင်္ဂလာပါရှင်။
ကဗျာလေးကောင်းလို့ဝင်မန့်လိုက်တာပါ။
ဖတ်ပြီးရင်ထဲမှာတမျိုးဖြစ်သွားတယ်။
ဒီကဗျာကိုရည်ရွယ်ပြီးရေးခံရတဲ့သူ
သိပ်ကံကောင်းတယ်လို့
ထင်ပါတယ်။

ဆန္ဒတွေပြည့်ဝပါစေ။

thoehtane said...

danyar chin tu loh lar ma thi...
khan sarr lite ya tar :(

Anonymous said...

ကိုမိုးလှိုင်ညရေ.... နင်ပြန်လာရင် ရပြီတဲ့လား...
ကောင်မလေး ကံကောင်းပါတယ်...
ကျမကို ကြိုဆိုမဲ့ရင်ခွင်သာ ရှိရင် ရောက်တောင်နေလောက်ပြီ ခုနေဆို....
သူမ ပြန်လာအောင် ဝိုင်းကူဆုတောင်းပေးမယ်နော်...

စောတာရာ said...

ပြန်တော့လာပါတယ် ..ကိုယ့်ဆီမဟုတ်တော့ ဘယ်လိုလုပ်ရပါ့

Anonymous said...

ငါ့အတွက်က နင်ပြန်လာရင်ရပြီ
နင်အတွက်ကကော....