မိန်းမတွေအကြောင်း

Friday, October 16, 2009

Sunday, August 19, 2007
မိန်းမတွေအကြောင်း


မိန်းမတစ်ယောက်က
အနုပညာကိုသတ်တယ်
မိန်းမတစ်ယာက်က
အင်ပိုင်ယာကိုဖျက်တယ်…။


မိန်းမတစ်ယောက်ကဘုရားသခင်ကို
မွေးဖွားခဲ့ပြီး….
မိန်းမတစ်ယာက်က
နတ်ဆိုးတွေကိုအုပ်ချုပ်တယ်…။


မိန်းမတစ်ယာက်
လူတစ်သန်းအတွက်ဆင်းရဲခံနေတယ်
မိန်းမတစ်ယောက်ကလူတစ်သန်းဆီက
လုယက်တယ်….။


မိန်းမတွေသာမရှိရင်
စည်းစိမ်ချမ်းသာတွေဟာအလကားပဲတဲ့..။
ရော့ဖဲယားကပြောတယ်…
မိန်းမတွေမရှိရင်ရော့ဖဲယားလည်းမရှိဘူး။


အဲဒီမိန်းမတွေပဲ
ကမ္ဘာကြီးနဲ့အနုပညာကို
ရင့်ကျက်စေခဲ့တာ…။


မိုးလှိုင်ည


အစ်ကိုဖုန်းမြင့်က မိန်းမတွေကြောက်တယ်ဆိုလို့ ပြန်တင်ပေးလိုက်တာ ...။
အစ်ကိုမကြောက်နဲ့အစ်ကို ညီ ရှိတယ်...။

Labels:

12 comments:

  1. Anonymous says:

    မောင်ဖုန်းမြင့်ရဲ့ မိန်းမများကြောက်ရတဲ့ အကြောင်းရင်းလေးပါ ထည့်ရေးရင် ပိုကောင်းမလားလို့...

    mie nge

  2. အိန္ဒြာ says:

    မာရီအင်တွိုင်းနက် ရှိသလို
    မာသာထရီဇာ လည်းရှိတာပဲ မိုးလှိုင်ရဲ့

  3. ကျုပ်ကတော့ မိန်းမတွေကို ချစ်သောမျက်စီဖြင့်သာကြည့်၏.. အို.. မိန်းမတွေမှ မဟုတ်ပါဘူး.. လူတွေအကုန်ပေါ့.. ဟတ်ဟတ်။ ဒါတောင် ဖိုးသူတော်ကို မုန်းချင်နေတဲ့သူတွေများ ရှိလားမသိဘူး။။

    သူတော် ( ၁၆.၁၀.၂၀၀၉)

  4. ငွေကြယ်လေး says:

    တကယ်တော့ ဦးရယ် မိန်းမဆိုတာသုံးတတ်ရင်ဆေး
    မသုံးတတ်ရင်တော့ဘေးပဲ...
    မိန်းမကြောက်တယ်ဆိုတာ တကယ်တော့ သရဲကြောက်သလိုပဲ မမြင်ရဘဲ တွေးကြောက်နေတာ
    မိန်းမက သရဲတော့ဟုတ်ဘူးနော်

  5. အော်....
    လက်စသတ်တော့ ဒီညီအကိုတွေ မိန်းမကြောက်သလိုလိုနဲ့ စိန်ခေါ်နေတာပါလား ဟရို့ 
    ဟိဟိ
    အပေါ်က အမတွေပြောသလိုပဲ မိန်းမကြောက်ရတဲ့ အကြောင်းရင်းလေး ထည့်ရေးပါ။ ထပ်ဖြည့်ပါ။ ဒါပဲဗျိုးးးးး

  6. This post has been removed by the author.
  7. နှစ်သက်မိတဲ့ ကဗျာကောင်းလေးတစ်ပုဒ်ပါ... :)

  8. ကိုဖုန်းက ကြောက်ဟန်ဆောင်နေတာ .. ဟိ

    တွေးသလိုသိလို့ ထင်သလို ပြောမယ်ဆို ..
    အတုအပတွေကြားက လူသားတွေ ...
    ထိုထိုအထဲမှ အိုဘယ့်မိန်းမ ..
    တစ်ခါပြန် လွမ်းလွမ်းသွားအောင် ရစ်မူးတတ်ပေမယ့်
    အလိမ်အညာတွေနဲ့ ဟန်ဆောင်ကာသိုသိပ်
    တိတ်တိတ်ကလေးသာ နေမလိုနဲ့
    ရှေးခေတ်ကလို နောက်ပြန်ဆွဲရင်
    ထိုထိုမိန်းမ ကြောက်ဖို့ကောင်းစွ .. ..

    ကိုကိုဖုန်း ...မကြောက်ဘူး .. ဟန်ဆောင်နေတာ အစ်ကိုတော် မိုးလှိုင်ရ ..။ .. ဟိဟိ

    ခင်မင်စွာ
    idulize(အရုပ်ကလေး)

  9. ko phone myint kyauk yin d phet forward lote pay lite par byoe!!!

  10. ယောကျာင်္းတွေမရှိလဲ မိန်းဆိုတာ ဖြစ်မလာပါဘူး နှစ်ခုပေါင်းမှ တစ်ခုဖြစ်တာပါ

  11. Orange Chit Thu says:

    This poem also I like it too much brother ^_^

  12. ကိုမိုးလှိုင်ည
    ကျနော်နော်နော်ကကက မိန်းမမမ မကြောက်ကြောက်
    ပါဘူး...ဒူးဒူးတုန်နေတာ....ခုခုလိုပြောတာတာကိုလည်း
    ဗွေမယူယူကြပါနဲ့..