မြန်မာဘလော့ကာ

Tuesday, June 30, 2009

ဘ၀မှာ

အရိပ်တကြည့်ကြည့်

ကြည့်စရာငါ့ဆီမှာ Blog နှစ်ခုတောင်ရှိရှာတယ်။

ဘ၀မှာ

အသက်လို တန်ဖိုးထားစရာ

ငါ့ဆီမှာ Blog နှစ်ခုရှိရှာတယ်။

(အမှန်တကယ်လည်း အသက်လောက်တန်ဖိုးတကြီး)

ပဲနိဝက်လောက် ၀င်ငွေနဲ့

အင်တာနက်ကော်နက်ရှင်သုံးခွင့်ရရင်

နွားလိုရုန်းရလည်း ငါမမှုခဲ့ဘူး

အဲဒီလိုကြိုးကြိုးစားစားအတွက်

သခင်ပေါက်စထောင်ခြောက်လဆိုတဲ့

အကြည့်မျိုးတွေလည်းရတယ်

ကီးဘုတ်ဂျပိုးတွေဆိုတဲ့

ဘွဲ့ထူးတွေလည်းရတယ်

အဲဒီလိုချီးမြှောက်မှုတွေကြားက

မမွေးသေးတဲ့ ဆိုင်ဘာအိ့ခ်ျတွေဖတ်ဖို့

ဘာမှန်းမသိ၊ ထင်ရာမြင်ရာ

အင်တာနက်ပေါ့

ကောက်ကောက်တင်တတ်ပေါ့

ငါ့ကို မြန်မာဘလော့ကာလို့

တချို့ကခေါ်ကြတယ်…။


mOehlAingnYa


Labels:

5 comments:

  1. တစ်ချို့က ဦးလေး လို့ ခေါ်ကြတယ်။

  2. မြန်မာဘလော့ကာကြီးကို..
    အာပေးသွားပါတယ်
    နောင်ကိုလဲ..ဒီလို.ကောင်းမွန်တဲ့
    ကဗျာလေးတွေ ပေါ်ထွက်လာပါစေ။
    နဒီ..

  3. ဒီကဗျာတော်တော်မိုက်တယ်။ ဘာတဲ့ ကီးဘုတ်ဂျပိုး ဟုတ်လား။။

  4. ကိုမိုးလှိုင်
    ဒီကဗျာနဲ့ ကဗျာကိုရေးတဲ့ ခင်ဗျားကို
    ထပ်အလေးပြုလိုက်ပါတယ် ...

    ဘလော့ရေးခွင့်ရဘို့ အလုပ်ပြုတ်ခံလိုက်တဲ့
    လူတွေရှိသေးတယ်...

    ခင်ဗျားတို့ ကျနော်တို့ သစ္စာရှိစွာ အရိုးသားဆုံး ချစ်မြတ်နိုးခဲ့ပါတယ် ...။

  5. su wai says:

    မရှိရှိတာ ရှာကြံကြွားထားသေးတယ်.. ဘလော့နှစ်ခု တဲ့... :)